ကိုရီးယားသမ္မတနိုင်ငံအမျိုးသားမော်ကွန်းတိုက်က Virtual Training ဖြင့် ဖွင့်လှစ်ပို့ချသော Record and Archives Management Program အား အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနမှ ပါဝင်တက်ရောက်ခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန (နေပြည်တော်) ၌ ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားမော်ကွန်းတိုက်မှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ Record and Archives Management Program အား ပထမဦးဆုံးအကြိမ်အဖြစ် Virtual Training ဖွင့်လှစ် ပို့ချပေးခဲ့ပါသည်။ အဆိုပါ Virtual Training Program တွင် မြန်မာနိုင်ငံ အမျိုးသားမော်ကွန်းတိုက်မှ ဝန်ထမ်း (၅)ဦး၊ လာအိုနိုင်ငံ အမျိုးသားမော်ကွန်းတိုက်မှ ဝန်ထမ်း(၅)ဦး၊ စုစုပေါင်း သင်တန်းသား (၁၀)ဦး ဖြင့် (၅) ရက်ကြာ တက်ရောက်သင်ယူခဲ့ကြပါသည်။



Youtube Link:



Top