ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်း(၁/၂၀၂၃)မှ သင်တန်းသားများ လာရောက်လေ့လာခြင်း

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်သင်တန်း(၁/၂၀၂၃)မှ သင်တန်းသား (၃၁)ဦး သည် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် ဦးစီးဌာန (ရုံးချုပ်) သို့ (၂၄-၁၁-၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် လာရောက်လေ့လာခဲ့ကြရာ ညွှန်ကြားရေးမှူး ဒေါက်တာခင်စောအေး မှ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို Power Point ဖြင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသားများသည် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၏ သက်ဆိုင်ရာ ဌာနခွဲများအလိုက် လုပ်ငန်းဆောင်ရွက် နေမှုများကို (၁၆:၀၀) နာရီအထိ လှည့်လည် လေ့လာ ကြည့်ရှုခဲ့ကြပါသည်။



Youtube Link:



Top