အသိပညာဖလှယ်ရေးအစီအစဉ် (Knowledge Sharing Programme)

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် (၂၂ - ၁၁ - ၂၀၂၄)ရက်နေ့၊ နေ့လယ် (၀၂ : ၃၀ )နာရီတွင် Knowledge Sharing အစီအစဉ် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဤဦးစီးဌာန မှ အရာထမ်း (၈၆)ဦး တက်ရောက်ခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်း က “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအပေါ် အကျိုးသက်ရောက်မှု နှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်သင့်သည်များကိုလေ့လာခြင်း (၂၀၁၉ခုနှစ် မှ ၂၀၂၃ခုနှစ် အထိ)” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ကိုဗစ်ကြောင့် ပြည်သူ့ကျန်းမာရေးသာမက ကုန်သွယ်ရေးကိုပါ ထိခိုက်မှု ရှိကြောင်း၊ ကိုဗစ်ကာလအတွင်း ကုန်သွယ်မှုအပေါ် အကျိုးသက်ရောက်မှုများနှင့် ကိုဗစ်အလွန် ကာလအတွင်း ကုန်သွယ်မှုအပေါ် အကျိုးသက်ရောက်မှုများအား နှိုင်းယှဉ်ဆွေးနွေးပြီး ပို့ကုန် ကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်သင့်သည့် အချက်အလက်များအား အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများမှ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။



Youtube Link:



Top