အသိပညာဖလှယ်ရေးအစီအစဉ် (Knowledge Sharing Programme)

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် (၂၈-၁-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) တွင် Knowledge Sharing အစီအစဉ် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ ရန်ကုန်(ရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်မီမီသန်းက “မော်ကွန်းများထဲတွင်တွေ့ရသော ပတ္တမြား ငမောက် ရှာပုံတော်” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် နန်းစဉ်ရတနာများနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံရှိ ဘုရင်/ ဘုရင်မများ အဆက်ဆက်ထားရှိခဲ့သော နန်းစဉ်ရတနာများ၊ မြန်မာနိုင်ငံ ရှေးမြန်မာမင်းများ အဆက်ဆက် နန်းစဉ်ရတနာများအကြောင်း၊ မြန်မာမင်းတို့ အထွတ်အမြတ် ရတနာထဲတွင် တစ်ခုဖြစ်သော ပတ္တမြားငမောက်အကြောင်း၊ ငမောက်ရရှိလာပုံ၊ သီပေါမင်းဘုရင် ပါတော်မူပြီးနောက် ဗြိတိသျှတို့ သိမ်းယူသွားသော ပစ္စည်းများထဲတွင် ပါဝင်သွားကြောင်းနှင့် သီပေါဘုရင်မှ ငမောက်အပါအဝင် ရတနာများ ပြန်လည်ရရှိရေး ကြိုးပမ်းခဲ့ပုံ၊ ပတ္တမြားငမောက် ပျောက်ဆုံးနေပါသဖြင့် မဟာဝန်တော်မင်းကြီးမှ စုံစမ်းစစ်ဆေးမှုများ၊ မိမိတို့မော်ကွန်းတိုက်ရှိ British Period Documents တွင် တွေ့ရှိခဲ့ရမှုများ၊ တော်လှန်ရေးကောင်စီ လက်ထက်အထိ နန်းစဉ်ရတနာများနှင့် ပတ္တမြားငမောက်ရရှိရေး ရှာပုံတော်ဖွင့်၍ ကြိုးပမ်းခဲ့ရမှုများအား ဆွေးနွေး ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ဝန်ထမ်းများမှ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ Knowledge Sharing အစီအစဉ်အား ဤဦးစီးဌာနမှ ဝန်ထမ်း စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြပါသည်။



Youtube Link:



Top