အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန အသိပညာဖလှယ်ရေးအစီအစဉ် (Knowledge Sharing Programme)

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် (၂၈-၈-၂၀၂၅) ရက်၊ မွန်းလွဲ (၂:၀၀) တွင် Knowledge Sharing အစီအစဉ်ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ နေပြည်တော်ရုံးချုပ်နှင့် ရန်ကုန်ရုံးခွဲမှ အရာထမ်း/အမှုထမ်း (၇၉)ဦး တက်ရောက်ခဲ့ပါသည်။ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ဆန်း က “Digital Preservation in Archives” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် Digital Preservation ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ အီလက်ထရောနစ်နည်းဖြင့် မှတ်တမ်းထိန်းသိမ်းခြင်း၊ မှတ်တမ်းမော်ကွန်းများ အား Digitization ပြုလုပ်ရန် စိစစ်ရွေးချယ်ခြင်း၊ Digitization ပြုလုပ်ထားသည့် မှတ်တမ်း မော်ကွန်းများ မူလတန်ဖိုးမပျက်စေရေး၊ ဒေတာထိန်းသိမ်းရေး၊ ဒေတာလုံခြုံရေးနှင့် သက်သေခံ အဖြစ်အသုံးပြုနိုင်ရန် လိုအပ်ချက်များ၊ အိန္ဒိယမော်ကွန်းတိုက်၏ Digitization ဆောင်ရွက်ချက် များအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသည့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲတာဝန်ခံများနှင့် ဝန်ထမ်းများမှ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။



Youtube Link:



Top