အသိပညာဖလှယ်ရေးအစီအစဉ် (Knowledge Sharing Programme)

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် (၁၇ - ၁၀ - ၂၀၂၅)ရက်နေ့၊ (၁၄ : ၀၀)နာရီတွင် Knowledge Sharing အစီအစဉ် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဤဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း(၈၅)ဦး တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ နေပြည်တော်(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးရဲမင်းသန်း က “အရှေ့တောင်အာရှဒေသဆိုင်ရာမော်ကွန်းတိုက်ကောင်စီအဖွဲ့၏ (၂၄)ကြိမ်မြောက် အထွေထွေညီလာခံနှင့် (၂၅)ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်းအဝေး အတွေ့အကြုံ” ဟူသောခေါင်းစဉ်ဖြင့် ဆွေးနွေးရာ ၎င်းအစည်း အဝေးသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မြန်မာ၊ မလေးရှား၊ လာအို၊ အင်ဒိုနီးရှားနိုင်ငံများမှ ကိုယ်စားလှယ် စုစုပေါင်း (၃၂)ဦး တက်ရောက် ကြကြောင်း၊ မြန်မာအပါအဝင် ကိုယ်စားလှယ် စုစုပေါင်း(၁၇)ဦးတို့မှ မော်ကွန်း/မှတ်တမ်း စီမံ ခန့်ခွဲမှု၊ ကမ္ဘာ့အမွေအနှစ် မှတ်တမ်းအထောက်အထားများ ထိန်းသိမ်းထားရှိမှုဆိုင်ရာ စာတမ်း အသီးသီးအား ဖတ်ကြားကြကြောင်း၊ အရှေ့တောင်အာရှဒေသဆိုင်ရာ မော်ကွန်းတိုက်များ ကောင်စီအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့အား ရွေးချယ်တင်မြှောက်ကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၈ခုနှစ်တွင် အလှည့်ကျဥက္ကဋ္ဌ တာဝန်နှင့် အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပနိုင်ရေးအတွက် လိုအပ်သော တင်ပြဆွေးနွေးဆောင်ရွက်မှုများကို လျာထား ဆောင်ရွက်ရန်နှင့် အောင်မြင်စွာဆောင်ရွက်နိုင်ပါက အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် ဦးစီးဌာနအနေဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ မှတ်တမ်းစီမံခန့်ခွဲမှုနှင့် ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်မှအားထား ရသည့် မော်ကွန်းတိုက်အဖြစ် တိုင်းပြည်အကျိုးအတွက် များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း” ပြောကြားပြီး ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများ ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်(ရန်ကုန်) နှင့် ဌာနခွဲတာဝန်ခံတို့မှ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။



Youtube Link:



Top