အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ ခေါ်ယူထားသော လစ်လပ်လျက်ရှိသည့် အမှုထမ်းရာထူးနေရာ(၃၆)နေရာအတွက် အသိပေးကြေညာချက်

၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၌ နိုင်ငံပိုင် သတင်းစာ(မြန်မာ့အလင်း)တွင် ကြော်ငြာခေါ်ယူခဲ့သော လစ်လပ်လျက်ရှိသည့် အမှုထမ်းရာထူးနေရာ(၃၆)နေရာမှ ဒုတိယဦးစီးမှူး (မှတ်တမ်းပြုပြင်ရေးမှူး)၊ အငယ်တန်းအင်ဂျင်နီယာ-၂၊ မော်ကွန်းထိန်း လက်ထောက်-၃ နှင့် အငယ်တန်း စာရေးရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲ ကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန(နေပြည်တော်)၌ ၃-၇-၂၀၂၁(စနေနေ့)တွင် ကျင်းပသွား မည်ဖြစ်ပြီး နိုင်ငံပိုင် သတင်းစာ (မြန်မာ့အလင်း)တွင်လည်း ထည့်သွင်းကြေညာ သွားမည်ဖြစ်ပါသည်။ လျှောက်လွှာပိတ်ရက်ဖြစ်သည့်(၁၂-၃-၂၀၂၁) ရက်နေ့တွင် ကြော်ငြာပါ အသက် သတ်မှတ်ချက် အထက်ကျော်လွန်နေသူများ၊ ကြော်ငြာပါ အရည်အချင်း သတ်မှတ်ချက် နှင့် မညီညွတ်သူများ၊ စာရွက်စာတမ်း လိုအပ်ချက် ရှိသူများနှင့် ဖြေဆိုခွင့် ရရှိသူများ၏ ခုံအမှတ်စာရင်းတို့ကို အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်ရုံးချုပ်)တွင် လည်းကောင်း၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)တွင် လည်းကောင်း၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန၏ Website ဖြစ်သည့် www.nam.gov.mm တွင် လည်းကောင်း ဖော်ပြထားပါသည်။ ၂။ ဒုတိယဦးစီးမှူး (မှတ်တမ်းပြုပြင်ရေးမှူး)၊ အငယ်တန်းအင်ဂျင်နီယာ-၂၊ မော်ကွန်းထိန်း လက်ထောက်-၃ နှင့် အငယ်တန်းစာရေး ရာထူးနေရာများ၏ ရေးဖြေစာမေးပွဲအတွက် ဖြေဆိုခွင့် ကတ်ပြားများကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟ လမ်း၊ ကုမုဒြာကြာပန်း အဝိုင်းအနီး၊ နေပြည်တော်၌ ၃၀-၆-၂၀၂၁ ရက်နေ့မှ ၂-၇-၂၀၂၁ ရက်နေ့ အထိ (၁၀:၀၀ မှ ၁၆:၀၀)နာရီအထိ (ရုံးချိန်)အတွင်း ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ၃။ လုံခြုံရေး-၅၊ ယာဉ်မောင်း-၅ နှင့် သန့်ရှင်းရေးအကူ ရာထူးနေရာများအတွက် နှုတ်ဖြေ စာမေးပွဲကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန(နေပြည်တော်)၌ ၄-၇-၂၀၂၁ (တနင်္ဂနွေနေ့)တွင် ကျင်းပမည်ဖြစ်ပါသည်။ ဒုတိယဦးစီးမှူး(မှတ်တမ်းပြုပြင်ရေးမှူး)၊ အငယ်တန်းအင်ဂျင်နီယာ-၂၊ မော်ကွန်းထိန်းလက်ထောက်-၃ နှင့် အငယ်တန်းစာရေး ရာထူးနေရာများ၏ ရေးဖြေစာမေးပွဲအတွက် စာမေးပွဲအချိန်စာရင်း ၃-၇-၂၀၂၁(စနေနေ့) ၀၉:၀၀ နာရီ မှ ၁၂:၀၀အထိ (မြန်မာစာ၊ အထွေထွေဗဟုသုတနှင့် အင်္ဂလိပ်စာ)



Youtube Link:



Top