အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ အသိပညာဖလှယ်ရေးအစီအစဉ်(Knowledge Sharing Programme)ကျင်းပပြုလုပ်ခြင်း

အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနတွင် (၂၂-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀ : ၃၀ ) တွင်အသိပညာဖလှယ်ရေး အစီအစဉ် (Knowledge SharingProgramme)ကို ကျင်းပခဲ့ပါသည်။အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန၏ Knowledge Sharing အစီအစဉ် ကျင်းပရခြင်းရည်ရွယ်ချက်မှာ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ သိရှိစေရန်၊ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအား အသိပညာ တိုးတက်စေရန်၊ စာတမ်းဖတ်ပွဲအတွေ့အကြုံ ရရှိစေရန်၊ အသိပညာ အပြန်အလှန်ဆွေးနွေး ဖလှယ်ခြင်းဖြင့် လုပ်ငန်းများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်လာနိုင်ရန်ဖြစ်ပါသည်။ မိမိတို့ဌာန၏ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အသိပညာများ တိုးတက်ကောင်းမွန်မှသာ မိမိတို့တာဝန်ယူ ဆောင်ရွက်နေကြသော လုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာဖြင့် ထိရောက်ထက်မြက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အသိပညာဖလှယ်ရေးအစီအစဉ်တွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝင်စာ/ထွက်စာများကို အရေးယူဆောင်ရွက်ခြင်း၊ ရုံးစာရေးသားနည်း၊ ငွေစာရင်း နှင့် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ၊ အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေ၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ မှတ်တမ်း၊မော်ကွန်းစီမံခန့်ခွဲမှုများ၊ မှတ်တမ်း၊ မော်ကွန်း စိစစ်ရွေးချယ်ခြင်း၊ (Appraisal, Note-Taking, Transcribe လုပ်ငန်းများ၊ Digital နည်းပညာဖြင့် ထိန်းသိမ်းမှုအခြေအနေ၊ Micro-Film နည်းပညာဖြင့် ထိန်းသိမ်းမှုများ၊ မော်ကွန်း/ မှတ်တမ်းများ အရှည်တည်တံ့စေရန် ပြုပြင်ချုပ်လုပ်ထိန်းသိမ်းခြင်းစသည့် အကြောင်းအရာများ အပြင် ပြည်တွင်း/ပြည်ပတွင် လေ့လာဆည်းပူးခဲ့ကြသော ပညာရပ်ဆိုင်ရာ အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေး အသိပညာဖလှယ်ကြမှာဖြစ်ပြီး Knowledge Sharing အစီအစဉ်ကို လစဉ်တတိယအပတ်တွင် ပြုလုပ်မှာဖြစ်ပါသည်။ ယနေ့ကျင်းပသော Knowledge Sharing Programme သို့ ဌာနတွင်းဝန်ထမ်း (၈၂)ဦး တက်ရောက်ကြပါသည်။



Youtube Link:



Top