အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ အသိပညာဖလှယ်ရေးအစီအစဉ်(Knowledge Sharing Programme)ကျင်းပခြင်း

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် (၂၁ - ၉ -၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)တွင် Knowledge Sharing အစီအစဉ် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။ ညွှန်ကြားရေးမှူး ဦးရဲမင်းသန်းက မဲခေါင်-လန်ချန်းနိုင်ငံများအကြားတွင် ရှိသော စာကြည့်တိုက်များရှိ ရှားပါးစာပေအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးကွန်ယက် ထူထောင်ခြင်း ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် လေ့လာမှုအား ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင်မဲခေါင် - လန်ချန်း အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့၏ National Library များတွင် ရှားပါအမွေအနှစ်များ စုဆောင်းမှု၊ ထိန်းသိမ်း ထားရှိသော ရှားပါးအမွေအနှစ်များအား နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းထားရှိမှုများနှင့် ရှားပါး အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေး ကွန်ယက်ထူထောင်ခြင်းဆိုင်ရာကိစ္စများအား ဆွေးနွေး ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ဝန်ထမ်းများမှ အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။ Knowledge Sharing အစီအစဉ်အား ဤဦးစီးဌာနမှ ဝန်ထမ်းစုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြပါသည်။



Youtube Link:



Top