ရတနာပုံတက္ကသိုလ်၊ စာကြည့်တိုက်နှင့်သုတပညာဌာနမှ မှတ်တမ်းနှင့်မော်ကွန်း စီမံခန့်ခွဲမှုပညာ (Records and Archives Management) ဘာသာရပ်အထူးပြု တတိယနှစ်ကျောင်းသားများမှ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)သို့ လက်တွေ့လုပ်ငန်းခွင်သင်တန်းကွင်းဆင်းခြင်း (Internship) အတွက် ကျင်းပသည့် သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနား

ရတနာပုံတက္ကသိုလ်၊ စာကြည့်တိုက်နှင့်သုတပညာဌာနမှ မှတ်တမ်းနှင့်မော်ကွန်း စီမံခန့်ခွဲမှု ပညာ (Records and Archives Management) ဘာသာရပ်အထူးပြု တတိယနှစ် ကျောင်းသား များမှ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)သို့ လက်တွေ့သင်တန်းကွင်းဆင်းလာရောက်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၌ ကျင်းပရာအခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ စာကြည့်တိုက်နှင့်သုတပညာဌာနမှ ကြီးကြပ်သူဆရာမများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသားများ တက်ရောက်ကြပါသည်။ သင်တန်းဖွင့်ပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဦးစီးဌာန၏အဓိကလုပ်ငန်းတာဝန်များတွင် မှတ်တမ်းရယူစုဆောင်းခြင်း၊ ရယူစုဆောင်းထားသော မှတ်တမ်း၊ မော်ကွန်းများကို ရေရှည်တည်တံ့စေရန်နည်းပညာဖြင့် ထိန်းသိမ်း ခြင်းများနှင့် သုတေသီဝန်ဆောင်မှုလုပ်ငန်းတို့ ပါဝင်ပါကြောင်း၊ အဆိုပါသုတေသီ ဝန်ဆောင်မှုလုပ်ငန်းအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက် ပေးနိုင်ရန်အတွက် ကောင်းမွန်သည့် မှတ်တမ်းစီမံခန့်ခွဲမှုနှင့်မော်ကွန်းစီမံခန့်ခွဲရေး လုပ်ငန်းစဉ်အဆင့်ဆင့်တို့လိုအပ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များကို ယခုစာတွေ့ လက်တွေ့သင်ကြားပေးမည်ဖြစ်ပါ၍ သင်တန်းသားများအနေဖြင့် မိမိတို့၏တက္ကသိုလ် ပညာဌာနတွင် သင်ယူထားသည်များနှင့် ပေါင်းစပ်ဖလှယ်ဆွေးနွေးခြင်းတို့ဖြင့် မိမိတို့၏ အထူးပြုဘာသာရပ်များအတွက်များစွာအကျိုးကျေးဇူးရှိစေမည်ဖြစ်ကြောင်းပြောကြားပါသည်။ အဆိုပါ သင်တန်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၃၁) ရက် အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။



Youtube Link:



Top