လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန/ လုပ်ငန်းများသို့ ကွင်းဆင်း၍မှတ်တမ်းများရယူခြင်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသည် ရည်မှန်းချက်တာဝန်တစ်ခုဖြစ်သည့် မှတ်တမ်းများရယူစုဆောင်းခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန/ လုပ်ငန်းများသို့ ကွင်းဆင်း၍ မှတ်တမ်းများရယူခြင်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို (၂၃-၁၀-၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရုံးချုပ်)၊ အစည်းအဝေးခန်းမ (Bဆောင်)၌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက ဦးဆောင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သီတာမြင့်၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဦး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်ကျော်၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးမင်းမင်းဖြိုး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပို ရေးရှင်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်ဆန်းအောင်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းမှ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်စုစံပယ်အောင်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးမင်းကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မှတ်တမ်းများကွင်းဆင်းရယူရေးနှင့်ပတ်သက်၍ အမျိုးသား မှတ်တမ်းနှင့် မော်ကွန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်နှင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထာဝစဉ်ထိန်းသိမ်းရန်လိုအပ်သော မှတ်တမ်းများကို အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးခြင်းဖြင့် နောင်တစ်ချိန်တွင် ပြန်လည် ကိုးကားနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။



Youtube Link:



Top