အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ မှတ်တမ်းနှင့်မော်ကွန်း စီမံခန့်ခွဲမှု (အခြေခံ) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက် အမှာစကားပြောကြား

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှု(အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၈-၁၂-၂၀၂၅ ရက်၊ နံနက်(၀၉:၃၀)နာရီတွင် အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ သင်တန်းခန်းမ၌ကျင်းပရာ အမျိုးသားစီမံကိန်းဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးဦးကျော်ထင် တက်ရောက်၍ အမှာစကား ပြောကြားသည်။ သင်တန်းဖွင့်ပွဲသို့ အမျိုးသားစီမံကိန်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများနှင့် ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ ဒုတိယဝန်ကြီးက အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာနအသီးသီးမှ တက်ရောက်လာကြ သော ဝန်ထမ်းများအနေဖြင့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာမှတ်တမ်း၊ မော်ကွန်းများ၏ အရေးပါမှုကိုသိရှိရန် လိုအပ်ကြောင်း၊ အစိုးရဌာနအသီးသီးတွင်ရှိသည့် မှတ်တမ်းများကို ထိန်းသိမ်းရမည့် နည်းစနစ်များကိုသိရှိပါက နိုင်ငံတော်အတွက် တန်ဖိုးရှိသော အစိုးရ၏ဆောင်ရွက်ချက် အထောက်အထားမှတ်တမ်း၊ မော်ကွန်းများဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မှတ်တမ်းနှင့်မော်ကွန်းများကို ထိန်းသိမ်းနိုင်ပါက အနာဂတ် တွင် ပြန်လည်ကိုးကား အသုံးပြု နိုင်သည့်အပြင် အမျိုးသားမှတ်တမ်းအမွေအနှစ်များအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပါ ကြောင်း၊ ဌာနများနှင့်အဖွဲ့အစည်းများတွင် မှတ်တမ်းများအား စနစ်တကျထိန်းသိမ်းထားရှိရန်နှင့်၊ ဌာနနှင့်အဖွဲ့အစည်းများ၏ တန်ဖိုးရှိသောမှတ်တမ်းများကို အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရန် အတွက် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနနှင့် အတူလက်တွဲပူးပေါင်း ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် မှာကြားသည်။ အဆိုပါသင်တန်းတွင် ဌာနများရှိမှတ်တမ်းနှင့်မော်ကွန်းများကို ထိန်းသိမ်းနိုင်ရေး စီမံခန့်ခွဲမှု နည်းစနစ်များနှင့်စပ်လျဉ်း၍ ၇ ရက်ကြာ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပြီး ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၅၀ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။



Youtube Link:



Top