ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့်လုပ်ငန်းသို့ ကွင်းဆင်း၍ မှတ်တမ်းများရယူခြင်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသည် ရည်မှန်းချက်တာဝန်တစ်ခု ဖြစ်သည့် မှတ်တမ်းများ ရယူစုဆောင်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့်လုပ်ငန်းသို့ ကွင်းဆင်း၍ မှတ်တမ်းများရယူခြင်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို (၁၅-၁-၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ (Bဆောင်)၌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက ဦးဆောင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာသီ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဇေယျာမင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတက်ထွန်းတိုး၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးလှိုင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ကြည်၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖွေးသန့်စင်နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မှတ်တမ်းများ ကွင်းဆင်းရယူရေးနှင့်ပတ်သက်၍ အမျိုးသား မှတ်တမ်းနှင့်မော်ကွန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်နှင့် ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ထာဝစဉ်ထိန်းသိမ်းရန် လိုအပ်သော မှတ်တမ်းများကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးခြင်းဖြင့် နောင်တစ်ချိန်တွင် ပြန်လည်ကိုးကားနိုင်ရန် အတွက် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးမင်းကြည်ဝင်းက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။



Youtube Link:



Top