ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများသို့ ကွင်းဆင်း၍ မှတ်တမ်းများရယူခြင်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသည် ရည်မှန်းချက်တာဝန်တစ်ခု ဖြစ်သည့် မှတ်တမ်းများ ရယူစုဆောင်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများသို့ ကွင်းဆင်း၍ မှတ်တမ်းများရယူခြင်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို (၁၄-၅-၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ (Bဆောင်)၌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက ဦးဆောင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ညွှန်ကြားရေးမှူး ယာယီရဲမှူးကြီး မြင့်မောင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေလင်း၊ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန့်ဇော်ဝင်း၊ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းထက်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မှတ်တမ်းများ ကွင်းဆင်းရယူရေးနှင့်ပတ်သက်၍ အမျိုးသား မှတ်တမ်းနှင့်မော်ကွန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ထာဝစဉ်ထိန်းသိမ်းရန် လိုအပ်သော မှတ်တမ်းများကို အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးခြင်းဖြင့် နောင်တစ်ချိန်တွင် ပြန်လည် ကိုးကားနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။



Youtube Link:



Top