ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်(နေပြည်တော်) သို့ လာရောက်လေ့လာခြင်း

အမျိုးသားစီမံကိန်း၊ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်(နေပြည်တော်)သို့ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၀၈ ဦးနှင့် ဆရာ/ဆရာမ ၈ ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာခဲ့ကြပါသည်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများကို အမျိုးသားမှတ်တမ်းများ မော်ကွန်း တိုက်ရှိ CONFERENCE HALL ခန်းမ၌ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် သမိုင်းအကျဉ်း၊ ဌာန၏ လုပ်ငန်းစဉ်များ၊ ဝန်ဆောင်မှု လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများသည် အမျိုးသားမှတ်တမ်းများ မော်ကွန်း တိုက်တွင် ပြသထားသည့် မော်ကွန်းပြခန်းများအား စိတ်ဝင်တစား လှည့်လည်ကြည့်ရှုလေ့လာကြပြီး ပြခန်းများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ရှင်းလင်း ဆွေးနွေးသည်။ ထို့အတူ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့သမိုင်းနှင့် စပ်လျဉ်း၍ အထွေထွေဗဟုသုတ ဉာဏ်စမ်းပဟေဠိဖြေဆိုကြပြီး ပြည့်စုံစွာဖြေဆိုနိုင်သူများအား ညွှန်ကြားရေးမှူးချုပ်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။



Youtube Link:



Top