သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများသို့ ကွင်းဆင်း၍ မှတ်တမ်းများရယူခြင်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသည် ရည်မှန်းချက်တာဝန်တစ်ခုဖြစ်သည့် မှတ်တမ်းများရယူစုဆောင်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများသို့ ကွင်းဆင်း၍ မှတ်တမ်းများရယူခြင်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို (၂၀-၁၀-၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ (Bဆောင်)၌ ညွှန်ကြားရေးမှူး(မှတ်တမ်း) ဒေါ်စန်းသီတာက ဦးဆောင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီး ဌာနများမှ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မှတ်တမ်းများကွင်းဆင်းရယူရေးနှင့်ပတ်သက်၍ အမျိုးသား မှတ်တမ်းနှင့် မော်ကွန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ထာဝစဉ်ထိန်းသိမ်းရန်လိုအပ်သော မှတ်တမ်းများကို အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးခြင်းဖြင့် နောင်တစ်ချိန်တွင် ပြန်လည် ရည်ညွှန်းကိုးကားနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။



Youtube Link:



Top