အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(နေပြည်တော်ရုံးချုပ်)၌ မှတ်တမ်း၊ မော်ကွန်းများအား ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်၊ရုံးချုပ်)၏ မှတ်တမ်း၊ မော်ကွန်းများအား ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၂-၁-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။ သင်တန်း ဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက အဖွင့်အမှာစကား ပြောကြားပါ သည်။ သင်တန်းဖွင့်ပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ နှင့် ဌာနခွဲအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ဌာနရှိဝန်ထမ်းများအနေဖြင့် မိမိတို့ စုဆောင်းထားသော မှတ်တမ်း၊ မော်ကွန်းများကို ရေရှည်မပျက်စီးစေရေး ထိန်းသိမ်းသည့် ပညာရပ်များအား ပိုမိုကျွမ်းကျင်စွာဆောင်ရွက်လာနိုင်စေရန်အတွက် On Job Training အနေ ဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ Process of Conservation, Definition of Conservation & Preservation, Fumigation, Cleaning, Ink Solubility Test/ pH Test, Deacidification, Repair of Document (Tissue), Traditional Repair, Encapsulation နှင့် Book Binding စသည့် သင်ခန်းစာများကို စာတွေ့/လက်တွေ့ လေ့လာမှတ်သားခွင့်ရကြမှာဖြစ်ကြောင်း နှင့် မှတ်တမ်း၊ မော်ကွန်းများ မပျက်မစီးရေရှည် တည်တံ့အောင် ထိန်းသိမ်းသည့် နည်းပညာ ဗဟုသုတများအား လေ့လာမှတ်သားကြရန် မှာကြားပါသည်။ အဆိုပါသင်တန်းတွင် မှတ်တမ်းနှင့်မော်ကွန်းများကို ပြုပြင်ခြင်းထိန်းသိမ်းခြင်းနည်းစနစ်များ နှင့်စပ်လျဉ်း၍ ရက်သတ္တပတ်(၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဌာနခွဲ အသီးသီးမှ ဤဦးစီးဌာန(ရုံးချုပ်)ရှိ အရာထမ်း၊ အမှုထမ်း ၁၉ ဦး တက်ရောက်လျက်ရှိပါသည်။



Youtube Link:



Top