အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(နေပြည်တော်ရုံးချုပ်)၌ မှတ်တမ်း၊ မော်ကွန်း စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော် ရုံးချုပ်)တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အရာထမ်း၊ အမှုထမ်းများအတွက် ဖွင့်လှစ်သည့် မှတ်တမ်း၊ မော်ကွန်းစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂ - ၂ -၂၀၂၆) နံနက် (၁၀ : ၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက အဖွင့်အမှာစကား ပြောကြားပါသည်။ သင်တန်းဖွင့်ပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး၊ ဌာနအကြီးအမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ညှိနှိုင်းချက်အရ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူလျှင်မြန်စေရန်၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ Document များ၊ သတင်းအချက်အလက်များအား Digitizing Format ဖြင့်သိမ်းနိုင်သော Archives (data system) တစ်ခု တည်ဆောက်နိုင်ရန်နှင့် မှတ်တမ်းစီမံခန့်ခွဲသည့် နည်းလမ်းများအား သိရှိနားလည်စေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အမျိုးသားမှတ်တမ်း၊ မော်ကွန်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ မှတ်တမ်းစီမံခန့်ခွဲမှု၊ မော်ကွန်းစီမံခန့်ခွဲမှုဘာသာရပ်၊ ဌာနဆိုင်ရာ မှတ်တမ်းခန်းထားရှိရေး ဆောင်ရွက်ပုံ၊ မှတ်တမ်းများအား Digital နည်းပညာဖြင့် ထိန်းသိမ်းခြင်း၊ မှတ်တမ်း၊ မော်ကွန်းများပြုပြင်ထိန်းသိမ်းခြင်း၊ Electronic Records Management စသည့် သင်ခန်းစာများကို စာတွေ့/လက်တွေ့ လေ့လာမှတ်သားခွင့်ရကြမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက် အထောက်အထားများ၊ သတင်းအချက်အလက်များအား Digitization Format ဖြင့် သိမ်းဆည်းလာနိုင်ပြီး Archives (Data System) တစ်ခု တည်ထောင်ခြင်းဖြင့် မှတ်တမ်းများ ရှာဖွေရာတွင် လွယ်ကူမြန်ဆန်၍ ဌာန၏လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နည်းပညာဗဟုသုတများအား လေ့လာမှတ်သားကြရန် မှာကြားပါသည်။ အဆိုပါသင်တန်းတွင် မှတ်တမ်း၊ မော်ကွန်းစီမံခန့်ခွဲမှု နည်းစနစ်များနှင့်စပ်လျဉ်း၍ (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းရှိ အရာထမ်း၊ အမှုထမ်း ၃၂ ဦး တက်ရောက်လျက်ရှိပါသည်။



Youtube Link:



Top