အသိပညာဖလှယ်ရေးအစီအစဉ် (Knowledge Sharing Programme)

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၌ (၁၁-၉-၂၀၂၅) ရက်၊ မွန်းလွဲ (၂:၀၀) နာရီတွင် Knowledge Sharing အစီအစဉ်ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ နေပြည်တော် ရုံးချုပ်နှင့် ရန်ကုန်ရုံးခွဲမှ အရာထမ်း/အမှုထမ်း (၈၀)ဦး တက်ရောက်ခဲ့ပါသည်။ စက်မှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲမင်းသန်း က “Preserving Fragile Histories” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် သမိုင်းအမွေအနှစ်များဖြစ်သော ရန္တပိုစာချုပ်၊ အောင်ဆန်း-အက်တလီစာချုပ်၊ ပင်လုံစာချုပ်စသည့် မော်ကွန်းဝင်မှတ်တမ်းများ၊ ခေတ်အဆက်ဆက် သန်းခေါင်စာရင်းများဖြစ်သော ပြန်တမ်းများအား မော်ကွန်းတိုက်တွင် ထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းရယူရေး ဆောင်ရွက်ရာတွင် ပေပုရပိုက်မှတ်တမ်းများရယူခြင်း၊ ပျောက်ဆုံးပျက်စီးနိုင်သည့် မှတ်တမ်းများရယူရေး ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ဖြတ်ကျော်နိုင်သည့် နည်းလမ်းများ၊ စုဆောင်းရရှိထားသည့် မှတ်တမ်း မော်ကွန်းများအား Digitization နည်းဖြင့် ထိန်းသိမ်းရေးတို့အား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသည့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးခွဲ/ဌာနခွဲ တာဝန်ခံများနှင့် ဝန်ထမ်းများမှ အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။



Youtube Link:



Top